PSM (News) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ အမှတ် (၂၄) ကာ ကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ရန်အတွက် စစ်ကော်မရှင်တပ်များက လေကြောင်းပစ်ကူကို အသုံးပြု၍ စစ်ကြောင်းထိုးလာနိုင်ကြောင်း ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများက သတိပေးလိုက်သည်။ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ ထွက်ခွာမည့် အဆိုပါစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ်လ ၁ ရက်နေ့တို့တွင် ပခုက္ကူ၊ မြိုင်နှင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းမှတစ်ဆင့် ကြိုတင်တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ခြေရှိကြောင်း အညာမြေ အရပ်ဖက်အဖွဲ့အစည်း (မြိုင်) ၏ ပြောကြားချက်အရ သိရသည်။ “ဒီဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ၂၈ ရက်နေ့နဲ့ ၁ ရက်နေ့တွေမှာ အထူးတလည် လုပ်လိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာရှိတယ်။ လေကြောင်းကို အကာအကွယ်ယူပြီးမှ စစ်ကြောင်းက သွားလိမ့်မယ်လို့ ယူဆရတယ်” ဟု အညာမြေ အရပ်ဖက်အဖွဲ့အစည်း (မြိုင်) မှ တာဝန်ရှိသူတစ်ဦးက PSM News ကို ပြောသည်။ စစ်ကော်မရှင်တပ်များသည် ယခင်ကလည်း ကပစ (၂၄) သို့ ရိက္ခာပို့ရာတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖြတ်တောက်တိုက်ခိုက်မှုကို ခံခဲ့ရသဖြင့် လေကြောင်းပစ်ကူဖြင့်သာ ဖောက်ထွက်ခဲ့ရသည်များ ရှိကြောင်း သိရသည်။ ယခုတစ်ကြိမ်တွင်လည်း ပခုက္ကူ-ကမ္မလမ်းပိုင်းကို အဓိကအသုံးပြုနိုင်ပြီး ရိက္ခာပို့ပြီးအပြန်တွင် ကပစ (၂၄) ထုတ် လေယာဉ်ဗုံးသီးများနှင့် လက်နက်ကြီးကျည်များကို ပြန် လည်သယ်ဆောင်လာနိုင်ကြောင်း အညာဒေသရှိ စစ်ရေးအကဲခပ်များက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းကလည်း ပခုက္ကူ-ကမ္မ-ရေပြာ-ပေါက် လမ်းအတိုင်း စစ်ကြောင်းထိုးခဲ့ရာ တော် လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် နှစ်လ ကျော်ကြာ ပိတ်မိခဲ့ပြီး စစ်ကော်မရှင်ဘက်မှ သေဆုံးမှု များပြားခဲ့သည်။ ထို့ကြောင့် ယခုတစ်ကြိမ် စစ်ကြောင်းထိုးရာတွင် လေကြောင်းတိုက်ခိုက်မှုကို အဓိကထား လုပ်ဆောင်လာနိုင်သဖြင့် လမ်းကြောင်းတစ်လျှောက်ရှိ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြရန် သတိပေးထားသည်။ ဓာတ်ပုံ-လူမှုကွန်ရက် #PSM_News #မကွေးတိုင်း #ပခုက္ကူ #မြိုင် #ပေါက် #ကပစ၂၄ #လေကြောင်းတိုက်ခိုက်မှု Post navigation စီမံခန့်ခွဲမှုဆိုင်ရာ တိုင်ကြားချက်များ ဖြေရှင်းနိုင်ခဲ့၍ တယ်လီကျန်းမာ အနေဖြင့် NUG အောက်တွင်ပင် ဆက်ရှိမည် NUG နှင့် SRA တို့ တော်လှန်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် သ ဘောတူညီမှုရရှိခဲ့ပြီး အသေးစိတ် လုပ်ငန်းစဉ်များ ဆက်လက်ဆွေးနွေးရန်ရှိ