PSM(NEWS) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆ ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းတွင် စစ်ကော်မရှင်ပတ်ကင်းကားကို ပြောက်ကျားတိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၄ဦးသေဆုံးကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) Pakokku Special Task Forceက သတင်းထုတ်ပြန်သည်။ ၊ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ပုဂံညောင်ဦးမြို့ တပ်မ(၄၁၅)မှထွက်ခွာလာသည့် စစ်ကော်မရှင် တပ်သားများ လိုက်ပါစီးနင်းလာသည့် ပတ်ကင်းကားကို ရဲဘော်ဒီးနှင့် ရဲဘော်ပုဂံကြီး ဦးဆောင်သည့် တပ်စိပ်၂စိပ်မှ ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်း ဝါးခင်းကြီးချောင်းနားအရောက်တွင် ပြောက်ကျားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲကြာချိန် မိနစ် ၂၀ခန့် ကြာမြင့်ပြီး စစ်ကော်မရှင် တပ်သား ၄ဦး သေဆုံးပြီး MA 3 သေနတ်၂လက်၊ကာဘိုင် ၂က် နှင့် ကျည်အများအပြားသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုကို Pakokku Special Task Force (ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပကဖ)၊Bagan Nyaung Oo Special Task Force အဖွဲ့နှင့် မကွေးတိုင်းပကဖ အမှတ်(၄) အထူးလှုပ်ရှားစစ်ကြောင်း တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ #PSM #ပုဂံညောင်ဦး #ပြောက်ကျားတိုက်ခိုက် Post navigation NUG နှင့် SRA တို့ စစ်ရေး၊ နိုင်ငံရေးနှင့် ကွပ်ကဲမှုဆိုင်ရာ မူဝါဒများ ညှိနှိုင်းဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ် စီမံခန့်ခွဲမှုဆိုင်ရာ တိုင်ကြားချက်များ ဖြေရှင်းနိုင်ခဲ့၍ တယ်လီကျန်းမာ အနေဖြင့် NUG အောက်တွင်ပင် ဆက်ရှိမည်