PSM(NEWS) မေ ၂၇၊ ၂၀၂၆ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့ပါဝင်သည့် (Quadrilateral Security Dialogue,QUAD) အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံက အင်္ဂါနေ့တွင် ၎င်း၏ သဘောထားကို ထပ်လောင်းပြောကြားခဲ့သည်။ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် အထောက်အကူပြုရမည်ဖြစ်ပြီး မည်သည့် တတိယအဖွဲ့အစည်းကိုမျှ ပစ်မှတ်ထားခြင်း မပြုသင့်ကြောင်း တရုတ်နိုင်ငံက ဆိုသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အင်္ဂါနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “ကျမတို့အနေနဲ့ သီးသန့်အုပ်စုဖွဲ့တာမျိုး ဒါမှမဟုတ် အုပ်စုလိုက် ပဋိပက္ခဖြစ်စေမယ့် လုပ်ရပ်တွေကို မထောက်ခံပါဘူး။ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမျိုးမဆို ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေတာမျိုး မဖြစ်သင့်ပါဘူး” ဟု ပြောကြားခဲ့သည်။ အဆိုပါ QUAD အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် အင်္ဂါနေ့က အိန္ဒိယနိုင်ငံတွင် တွေ့ဆုံခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် ဖီဂျီနိုင်ငံ၌ ဆိပ်ကမ်းတစ်ခု ပူးတွဲတည်ဆောက်ရန်နှင့် အရေးပါသော သတ္တုသယံဇာတများ၊ စွမ်းအင်လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ကိုးကား-Reuters Post navigation ဘယ်လ်ဂျီယံနိုင်ငံ၌ ကျောင်းကားနှင့် ရထားတိုက်မိမှုကြောင့် လူလေးဦးသေဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန္ဒိယနိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်လာသူများဟု သံသယရှိသူများအား တားဆီးရန် စောင့်ကြည့်မှုများ တိုးမြှင့်လုပ်ဆောင်