PSM(NEWS) ဇန်နာဝါရီ ၂၇၊ ၂၀၂၆ အီရန်နိုင်ငံသည် မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီအမြောက်အမြားကို လျှို့ဝှက်တင်ပို့လျက်ရှိကြောင်း သိရသည်။ စစ်ကော်မရှင်က အရပ်သားပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် အီရန်သည် စစ်တပ်၏ အဓိက လေယာဉ်ဆီနှင့် ခဲယမ်းမီးကျောက် ထုတ်လုပ်ရာတွင် အသုံးပြုသည့်ယူရီးယား ကုန်ကြမ်း ထောက်ပံ့သူ ဖြစ်လာနေသည်။ အဆိုပါတင်ပို့မှုများသည် နှစ်နိုင်ငံလုံးအပေါ် ချမှတ်ထားသော အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်နေခြင်းလည်း ဖြစ်သည်။ အီရန်သည် ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန်အတွက် ၎င်း၏ တရားမဝင် လျှို့ဝှက်သင်္ဘောများကို အသုံးပြု၍ လေယာဉ်ဆီများကို မြန်မာနိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း အီရန်သည် မြန်မာနိုင်ငံသို့ ကိုးကြိမ်ထက်မနည်း လေယာဉ်ဆီ တင်ပို့ခဲ့ပြီး စုစုပေါင်း တန်ချိန် ၁၇၅,၀၀၀ ခန့်ရှိကြောင်း ရိုက်တာ၏ စုံစမ်းမှုအရ သိရသည်။ အီရန်သည် စိုက်ပျိုးရေးသုံး ယူရီးယားမြေသြဇာများကိုလည်း တင်ပို့နေပြီး၊ ယင်းကို စစ်ကော်မရှင်က ဗုံးနှင့် ခဲယမ်းများ ထုတ်လုပ်ရာတွင် အသုံးပြုနေကြောင်း သတင်းက ဖော်ပြသည်။ အီရန်သည်မြန်မာစစ်တပ်အား တိုက်လေယာဉ်များဖြင့် အရပ်သားပစ်မှတ်များကို ပိုမို ဗုံးကြဲတိုက်ခိုက်နိုင်ရန်လေယဉ်ဆီ အားဖြည့်ပေးလျက်ရှိသည်။ ကိုးကား Reuters #အီရန် #မြန်မာစစ်တပ် #လောင်စာဆီ_ထောက်ပံ့ #လေကြောင်းတိုက်ခိုက်မှု #အရပ်သားပစ်မှတ် #𝐏𝐒𝐌_𝐍𝐞𝐰𝐬 Post navigation ရေနံဈေးနှုန်းများ မြင့်တက်လာသော်လည်း မတ်လတွင် ရေနံထုတ်လုပ်မှု ရပ်နားထားမှုကို OPEC+ ဆက်လက်ထိန်းသိမ်းထားဖွယ်ရှိ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး ကို ICC ကြားနာမှုတွင် ပါဝင်နိုင်ကြောင်း အတည်ပြု