PSM(NEWS)

ဇန်နဝါရီ ၂၇၊ ၂၀၂၆

ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်နေသော်လည်း အဓိကရေနံထုတ်လုပ်သည့်နိုင်ငံများအဖွဲ့ဖြစ်သော OPEC+ သည် လာမည့်မတ်လတွင် ရေနံထုတ်လုပ်မှု တိုးမြှင့်ခြင်းမပြုဘဲ လက်ရှိအတိုင်း ဆက်လက်ရပ်နားထားဖွယ်ရှိကြောင်း အဆိုပါအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဈေးကွက်အတွင်း ဝယ်လိုအားနှင့် ရောင်းလိုအား ဟန်ချက်ညီစေရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းညှိရန်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ဖွယ်ရှိခြင်း ဖြစ်သည်။

OPEC+ အဖွဲ့သည် ဈေးကွက်အခြေအနေကို စောင့်ကြည့်ရန်အတွက် မတ်လတွင် ထုတ်လုပ်မှုတိုးမြှင့်မည့် အစီအစဉ်ကို ဆက်လက်ဆိုင်းငံ့ထားဖွယ် ရှိသည်။

လက်ရှိတွင် ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် ဝယ်လိုအား ပြန်လည်ကောင်းမွန်လာမှုကြောင့် ရေနံဈေးနှုန်းများမှာ တဖြည်းဖြည်း မြင့်တက်လျက်ရှိသည်။

ရေနံထုတ်လုပ်သူများအနေဖြင့် ဈေးကွက်အတွင်း အလျှံပယ်ဖြစ်သွားခြင်းကို ရှောင်လွှဲလိုသည့်အတွက် သတိကြီးစွာဖြင့် ချဉ်းကပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို လာမည့် အစည်းအဝေးတွင် အတည်ပြုရန် ရှိနေပြီး၊ လက်ရှိတွင် ရုရှားနှင့် ဆော်ဒီအာရေးဗီးယားတို့ ဦးဆောင်သည့် OPEC+ အဖွဲ့သည် ဈေးကွက်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ကိုးကား-Reuters

#ကမ္ဘာ့ရေနံဈေးနှုန်း

#မြင့်တက်

#ရေနံထုတ်လုပ်သူ

#ဈေးကွက်

#အလျှံပယ်_ရှောင်လွှဲ

#ရုရှား

#ဆော်ဒီအာရေးဗီးယား

#𝐏𝐒𝐌_𝐍𝐞𝐰𝐬

By Htet Ko