PSM (NEWS)

ဇွန်လ ၂၆၊ ၂၀၂၆

အီရန်နိုင်ငံနှင့် အိုမန်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် ဟော်မုဇ်ရေလက်ကြား အတွင်း ရေကြောင်းသွားလာမှုအတွက် နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် တယ်လီဖုန်းဆွေးနွေးမှုတွင် အလေးပေးပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘတ် အာရက်ချီနှင့် အိုမန်နိုင်ငံခြားရေးဝန်ကြီးဘဒ် အယ်လ်-ဘူဆာအီဒီ တို့သည် အဆိုပါရေလက်ကြားအတွင်း ရေကြောင်းဆိုင်ရာစီမံချက်များနှင့် ရက်ပေါင်း (၆၀) ကာလအတွက် သတ်မှတ်ထားသည့် ယာယီအစီအမံများအပါအဝင် မကြာသေးမီက ဖြစ်ပေါ်နေသော ဒေသတွင်းအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း အာရက်ချီ၏ Telegram စာမျက်နှာတွင် ဖော်ပြထားသည့် ထုတ်ပြန်ချက်အရ သိရသည်။

နှစ်ဖက်ကိုယ်စားလှယ်များသည် မကြာသေးမီက မတ်စကတ်မြို့၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲများကို ကြိုဆိုခဲ့ကြပြီး နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေမည့် ကိစ္စရပ်များတွင် သံတမန်ရေးရာ အကြံပြုဆွေးနွေးမှုများနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed