PSM (NEWS) ဇွန်လ ၂၆ ၊၂၀၂၆ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းကမ်းရိုးတန်းဒေသတွင် ကြာသပတေးနေ့က မဂ္ဂနီကျူ့ ၆.၉ ရှိ ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာရရှိသူများ မရှိသေးကြောင်းနှင့် နျူကလီးယားစက်ရုံများတွင်လည်း ပုံမှန်မဟုတ်သည့် အခြေအနေများ မတွေ့ရှိရကြောင်း သိရသည်။ ဂျပန် မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ငလျင်ဗဟိုချက်သည် အီဝါတေးစီရင်စုကမ်းလွန်ပင်လယ်ပြင်တွင်ရှိပြီး အနက်မှာ ၅၀ ကီလိုမီတာ (မိုင် ၃၀) ခန့်ရှိသည်။ အဆိုပါ ငလျင်ကြောင့် ပင်လယ်ရေမျက်နှာပြင် အနည်းငယ် ပြောင်းလဲမှုမှလွဲ၍ ဆူနာမီဘေးအန္တရာယ် ဖြစ်ပေါ်နိုင်ခြေ မရှိကြောင်း အသိပေးထားသည်။ ယင်းပြင်းအားသည် လူများ မတ်တတ်ရပ်ရန်ပင် ခက်ခဲပြီး တွားသွား၍သာ ရွေ့လျားနိုင်သည့် အခြေအနေမျိုးဖြစ်သည်။ အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြည်ထဲရေးဝန်ကြီးက ထိခိုက်မှုများကို စောင့်ကြည့်ရန် အရေးပေါ်အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တိုဟိုကူ လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီကလည်း ၎င်းတို့၏ နျူကလီးယားစက်ရုံများတွင် ပျက်စီးမှုတစ်စုံတစ်ရာ မရှိကြောင်း အတည်ပြုခဲ့သည်။ ငလျင်ဒဏ်ကြောင့် တိုဟိုကူ ရှင်ကန်ဆန်အပါအဝင် အမြန်ရထားလိုင်းအချို့ကို ယာယီရပ်ဆိုင်းထားပြီး အအိုမိုရီရှိ အမြန်လမ်းမကြီးများကိုလည်း စစ်ဆေးမှုများ ပြုလုပ်ရန် ပိတ်ထားကြောင်း သိရသည်။ ကိုးကား-Reuters Post navigation ဗင်နီဇွဲလားနိုင်ငံတွင် ပြင်းထန်သော ငလျင်နှစ်ခုလှုပ်ခတ်ပြီးနောက် လူထောင်ပေါင်းများစွာ သေဆုံးနိုင်ဖွယ်ရှိနေ တောင်အာဖရိကအသင်း ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်သို့ ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့