PSM(News)

မတ် ၂၆၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) သည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်ရင်းများအဖြစ် ကူးပြောင်းရပ်တည်ကာ အမှတ် (၁) စစ်ဒေသ၏ ကွပ်ကဲမှုကို ခံယူလိုက်ကြောင်း သိရသည်။

ကွပ်ကဲမှုခံယူခြင်း အခမ်းအနားကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင် ကျင်းပခဲ့ပြီး အဆိုပါ အခမ်း အနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်းနှင့် PDF ဘက်တံဆိပ်များ အပ်နှင်းတပ်ဆင်ခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့သည်။

အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် Myanmar Federal Army (MFA) အမည်ဖြင့် စတင်တိုက်ပွဲဝင်ခဲ့သည့် အဖွဲ့ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်၊ မတ်လတွင် NLA အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ ယခုအခါတွင်မူ PDF တပ်ရင်းများအဖြစ် NUG ၏ ကွပ်ကဲမှုအောက်၌ စနစ်တကျ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကွပ်ကဲမှုအောက် မရောက်ရှိသေးသည့် ဒေသကာကွယ် ရေးတပ်ဖွဲ့ (LDF) များအား မိမိတို့၏ ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်ရန်ဖြစ်စေ၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ရန်ဖြစ်စေ အစဉ်အမြဲ ကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-NUG ကာကွယ်ရေးဝန်ကြီးဌာန

By Htet Ko

You missed