PSM (News)

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆

တော်လှန်အနုပညာရှင် သရုပ်ဆောင် မင်းမော်ကွန်း ကိုယ်တိုင် ရိုက်ကူးထားသည့် “The Rubbish” ဇာတ်လမ်းတိုကို 24FM Platform တွင် ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၈ နာရီမှ စတင်ကာ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇာတ်လမ်းတိုသည် သရုပ်ဆောင် မင်းမော်ကွန်း၏ ၄၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့သည့် “မွေးနေ့လက်ဆောင်” ကမ်ပိန်းတွင် ပါဝင်ထည့်ဝင်ခဲ့ကြသည့် ထောက်ပို့ပြည်သူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ပြသခြင်းဖြစ်သည်။

အဆိုပါမွေးနေ့ကမ်ပိန်းကို တိုက်ပွဲအတွင်း ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရပြီး အင်္ဂါအစားထိုး တပ်ဆင်ရန် စောင့်ဆိုင်းနေရသည့် တော်လှန်ရေးရဲဘော်များအတွက် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၃ ရက်နေ့အထိ ပါဝင်ကူညီထားသူတွေ အရင်ဆုံး ကြည့်ရှုနိုင်မှာဖြစ်ပြီး ကျန်ရှိနေသေးတဲ့သူတွေ အမြန်ဆုံး ကြည့်ရှုနိုင်ဖို့လည်း စီစဉ်ပေးနေပါတယ်” ဟု 24FM က အသိပေး ထားသည်။

“The Rubbish” ဇာတ်လမ်း ကြည့်ရှုနည်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက 24FM ၏ Facebook Page Messenger နှင့် Telegram တို့တွင် မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

#မင်းမော်ကွန်း

#24FM

#မွေးနေ့လက်ဆောင်ကမ်ပိန်း

#Rubbish

#PSM_News

By Htet Ko