PSM(NEWS)

မေလ ၂၅၊၂၀၂၆

အီရန်နိုင်ငံသည်၎င်း၏အဆင့်မြင့်ကြွယ်ဝသော ယူရေနီယမ်သိုလှောင်မှုကို လွှဲပြောင်းပေးရန် သဘောတူညီချက် တစ်စုံတစ်ရာ ရရှိထားခြင်းမရှိကြောင်း အီရန်နိုင်ငံ၏အဆင့်မြင့်သတင်းရင်းမြစ်တစ်ခုကတနင်္ဂနွေနေ့တွင်ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ထိုသတင်းရင်းမြစ်၏အဆိုအရအီရန်၏နျူကလီးယားကိစ္စရပ်မှာအမေရိကန်ပြည်ထောင်စုနှင့် ချုပ်ဆိုထားသည့် ပဏာမသဘောတူညီချက်၏အစိတ်အပိုင်း မဟုတ်ကြောင်း သိရသည်။

“နျူကလီးယားကိစ္စရပ်ကိုနောက်ဆုံးသဘောတူညီချက် ရရှိရေးအတွက် ဆွေးနွေးမှုများတွင်သာထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပြီး၊လက်ရှိသဘောတူညီချက်တွင် ပါဝင်ခြင်းမရှိပါ။ အီရန်၏ အဆင့်မြင့်ကြွယ်ဝသောယူရေနီယမ်သိုလှောင်မှုကိုနိုင်ငံပြင်ပသို့ပို့ဆောင်ရန်အတွက် မည်သည့်သဘောတူညီချက်မျှ မရှိပါ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed