PSM (NEWS) မေ ၁ရ၊ ၂၀၂၆ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် စနေနေ့က ကုန်တင်ရထားတစ်စင်းနှင့် ဘတ်စ်ကားတစ်စီး ပြင်းထန်စွာ တိုက်မိခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး၃၅ဦးဒဏ်ရာရရှိခဲ့ကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ အဆိုပါ မတော်တဆမှုသည် မွန်းလွဲပိုင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ဘန်ကောက်အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ပိုင် ဘတ်စ်ကားသည် မီးနီမိနေစဉ် ရထားသံလမ်းပေါ်၌ပိတ်မိနေခဲ့ကြောင်းပဏာမစုံစမ်းစစ်ဆေးချက်များအရ သိရသည်။ ထို့ကြောင့် ရထားလမ်းအတားအဆီးကိုချ၍မရခဲ့ဘဲ ဝန်အလွန်လေးလံနေသည့် ကွန်တိန်နာတင်ရထားသည်လည်း အချိန်မီဘရိတ်အုပ်ရပ်တန့်နိုင်ခြင်း မရှိဘဲ တိုက်မိကာ ဘတ်စ်ကားမှာ ချက်ချင်းပင် မီးဟုန်းဟုန်းတောက် လောင်ကျွမ်းသွားခဲ့သည်။ ဘန်ကောက်ရဲချုပ်ဥဒွန်ပွန်ကွန်ဒက်ဆွန်ရစ်ကလက်ရှိတွင်မီးငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်ပြီးရုပ်အလောင်းများကိုဆယ်ယူနေရဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပို့ဆောင်ရေးဒုတိယဝန်ကြီး ဆီရီဖုန်း အန်ကာဆာကူကီးယတ် က ဖြစ်စဉ်အသေးစိတ်ကို တင်ပြထားပြီး၊ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ကလည်း ယခုဖြစ်စဉ်ကိုအရေးပေါ်စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားသည်။ ထိုင်းနိုင်ငံသည်အရှိန်ပြင်းမောင်းနှင်မှုနှင့်ဥပဒေစိုးမိုးမှုအားနည်းခြင်းတို့ကြောင့်လမ်းအန္တရာယ်အများဆုံးနိုင်ငံတစ်ခုအဖြစ်ရပ်တည်နေပြီး၊ပြီးခဲ့သည့်ဇန်နဝါရီလကလည်း ရထားပေါ်သို့ကရိန်းပြိုကျမှုကြောင့်လူ၃၂ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။ ကိုးကား-CNA Post navigation အာဖရိကတွင် IS ၏ ဒုတိယခေါင်းဆောင်ကြီးကို အမေရိကန်နှင့် နိုင်ဂျီးရီးယားတပ်ဖွဲ့များ ပူးပေါင်းချေမှုန်း