PSM(News)

မေ ၂၅ ၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်) မူးမြို့နယ်အတွင်း အာဏာလုအစိုးရစစ်တပ် ဝင်ရောက်တပ်စွဲထားသည့် နေရာနှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ခြောက် ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့ကြောင်း KNU က ယနေ့ မေ ၂၅ ရက်တွင်ထုတ်ပြန်သည်။

မူးမြို့နယ်အတွင်းရှိ ရွာကြီးအင်းကျေးရွာနှင့် တောင်စုကျေးရွာကြားတွင် ဝင်ရောက်တပ်စွဲထားသည့် စကခ-၂၀ လက်အောက်ခံတပ်ရင်း ခမရ-၅၈၂ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃)၊ တပ်ရင်း-၈ မှ ရဲဘော်များက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မေ ၂၃ ရက်နေ့တွင်လည်း ဘီဗြဲစခန်းဘေးရှိ ထီးလေးထာနေရာ၌ ထပ်မံနေရာယူတပ်စွဲထားသည့် ခမရ-၅၈၂ နှင့် ခမရ-၅၈၄ ပူးပေါင်းတပ်ဖွဲ့များကို KNLA ပူးပေါင်းတပ်များက ထပ်မံစီးနင်းတိုက်ခိုက် ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ခြောက် ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှမူ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-KNU

တိုင်ပွဲအတွင်း MA-1 သေနတ် ခြောက်လက်၊ MA-3 သေနတ် (default) လေးလက်၊ MA-4 သေနတ် တစ် လက်၊

သံခမောက် ငါး လုံး နှင့် ကျည်ကာ လေး စုံ၊ MA-1 ကျည်အိမ် ၁၅ ခု နှင့် MA ကျည်ဆံ ၂၀၇ တောင့်၊ အီနာကာ MA ခွဲဗုံး ငါး လုံး နှင့် M-79 ဗုံးသီး ၁၈ လုံး၊ ခေါက်ဆိုလာပြား တစ် ချပ်၊ စကားပြောစက် တစ် လုံး နှင့် လက်ကိုင်ဖုန်း တစ် လုံး တို့ သိမ်းဆည်းရမိခဲ့သည်။

ဓာတ်ပုံ-KNU

ပုံစာ-စစ်တပ်ထံမှ သိမ်းယူရရှိခဲ့သော လက်နက်ခဲယမ်းများ။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed