PSM(NEWS) ဧပြီ ၂၅၊ ၂၀၂၆ အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပူးပေါင်းပြုလုပ်သည့် “Balikatan 2026” စစ်ရေးလေ့ကျင့်မှု စတင်ချိန်နှင့် တိုက်ဆိုင်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထိုင်ဝမ်ကျွန်းအနီးရှိ ဖိလစ်ပိုင်ကျွန်း၏ အရှေ့ဘက်ရေပြင်တွင် ရေတပ်စစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။ တောင်ဘက်စစ်နယ်ဝန်းဌာနချုပ် ၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ ရေတပ်စုသည် ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက်အစွန်ဆုံးကျွန်းဖြစ်သော လူဇွန်ကျွန်း၏ အရှေ့ဘက်ရေပြင်တွင် “မကြာသေးမီက” စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် “လက်ရှိဒေသတွင်း အခြေအနေများအပေါ် တုံ့ပြန်ရန် လိုအပ်သော လုပ်ဆောင်ချက်” ဖြစ်သည်ဟုလည်း ၎င်းဌာနချုပ်က ဆိုသည်။ ယခု တရုတ်၏ လှုပ်ရှားမှုသည် ပြီးခဲ့သည့် တနင်္လာနေ့က စတင်ခဲ့သော ၁၉ ရက်ကြာ အမေရိကန်-ဖိလစ်ပိုင် နှစ်ပတ်လည် ပူးပေါင်းစစ်ရေးလေ့ကျင့်မှု “Balikatan 2026” နှင့် တိုက်ဆိုင်နေခြင်းဖြစ်သည်။ ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် ဂျပန်နိုင်ငံကလည်း မကြုံစဖူး အဆင့်မြင့် ပါဝင်လာပြီး တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်တို့သို့ မျက်နှာမူထားသည့် လူဇွန်ကျွန်း အပါအဝင် အခြားဒေသများတွင် ပြုလုပ်နေခြင်းဖြစ်သည်။ တရုတ်ရေတပ်၏ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် စစ်သင်္ဘောအရေအတွက်ကို အတိအကျ ထုတ်ပြန်ခြင်း မရှိသော်လည်း ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘော ကျူးညီကဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် အွန်လိုင်းတွင် ပျံ့နှံ့နေသော ဂြိုဟ်တုဓာတ်ပုံများအရ လီယောင်းနင်းလေယာဉ်တင်သင်္ဘော အပါအဝင် စစ်သင်္ဘော ၁၄ စင်းခန့် ပါဝင်နိုင်ခြေရှိကြောင်း ခန့်မှန်းရသည်။ ကိုးကား – SCMP Post navigation ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောဖြတ်သန်းမှု သိသိသာသာ လျော့နည်းသွားပြီး တင်းမာမှုများ မြင့်တက်နေ NATOအဖွဲ့အပေါ် သံသယများရှိလာချိန်တွင် ဥရောပသမဂ္ဂက အပြန်အလှန်ကာကွယ်ရေးမူကြမ်း ပြင်ဆင်ရန် ညွှန်ကြား