PSM (NEWS) ဧပြီ ၂၅၊၂၀၂၆ အီရန်နိုင်ငံက ယခုသီတင်းပတ်အတွင်း ကုန်သေတ္တာတင်သင်္ဘော နှစ်စင်းကို သိမ်းဆည်းခဲ့ပြီးနောက်တွင် အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။ ဧပြီလ ၂၄ ရက်နေ့ ထွက်ပေါ်လာသော သင်္ဘောသွားလာမှုဆိုင်ရာ အချက်အလက်များအရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အီရန် ရေနံထွက်ကုန်တင်သင်္ဘောတစ်စင်း အပါအဝင် စုစုပေါင်း သင်္ဘောငါးစင်းသာ ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းသွားလာခဲ့ကြောင်း သိရသည်။ တစ်ဖက်တွင်လည်း အီရန်နှင့် အမေရိကန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပါကစ္စတန်နိုင်ငံတွင် မကြာမီ ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း ပါကစ္စတန်သတင်းရင်းမြစ်များက ပြောကြားသော်လည်း ဝါရှင်တန် သို့မဟုတ် တဟီရန်တို့ဘက်မှ တစ်စုံတစ်ရာ တိုက်ရိုက်တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။ ကိုးကား-Reuters Post navigation အစ္စလာမ္မာဘတ်တွင် လုံခြုံရေးတင်းကျပ်ထားဆဲဖြစ်သော်လည်း အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အရိပ်အယောင်မတွေ့ရသေး တရုတ်နှင့် အမေရိကန်-ဖိလစ်ပိုင်တို့အကြား စစ်ရေးလေ့ကျင့်မှုများ အပြိုင်အဆိုင်ပြုလုပ်နေခြင်းကြောင့် ဒေသတွင်းတင်းမာမှု မြင့်တက်