PSM(News) မတ် ၂၅၊ ၂၀၂၆ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား နှစ် ဦး သေဆုံးသွားကြောင်း ပြည်သူ့ ညီနောင်-စလင်းအဖွဲ့က ထုတ်ပြန်သည်။ စလင်းမြို့နယ်၊ ကျွဲကျောင်းကျေးရွာရှိ စစ်ကော်မရှင်တပ်စွဲထားရာနေရာအနီး၌ မတ်လ ၂၃ ရက်နေ့ ည ၉ နာရီခန့်တွင် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ထို့နောက် အဆိုပါကျေးရွာ၏ တောင်ဘက်သို့ အင်အား ငါး ဦးခန့်ဖြင့် ထွက်ခွာလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သား နှစ် ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးကို မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း၊ စလင်းမြို့ပြပြောက်ကျားအဖွဲ့နှင့် ပြည်သူ့ညီနောင်-စလင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ ခြင်း ဖြစ်သည်။ Post navigation ကျောက်ပန်းတောင်းတွင် စစ်တပ်က ပြည်သူ ၅ ဦးကို အသားစိုင်များ ခြစ်ထုတ်လှီးဖြတ်၍ ရက်စက်စွာ သတ်ဖြတ်ပြီး PDF ယူနီဖောင်းများ ဝတ်ဆင်ပေးထား စစ်ခေါင်းဆောင်မင်းအောင်လှိုင်မိသားစု အကျင့်ပျက်ခြစားမှုမှရသည့် ပြည်သူ့ဘဏ္ဍာ ခိုးရာပါငွေ များဖြင့် ဘန်ကောက်တွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာ ဝယ်ယူထား