PSM (News) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး ( MDY-PDF) ၏ ငါးနှစ်ပြည့် တပ်မွေးနေ့တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု ထုတ်ပြန်လိုက်သည်။ နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုထဲမှ မွေးဖွားပေါ်ပေါက်လာသည့် MDY-PDF သည် လက်နက်ကိုင်တော်လှန်ရေးကို စတင်ရန် ဆုံးဖြတ်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကို အစွဲပြု၍ တပ်မွေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ ငါး နှစ်တာ သက်တမ်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်၏ ကွပ်ကဲမှုအောက်၌ “အထူးလှုပ်ရှားတပ်မ” အဖြစ် တာဝန်ထမ်းဆောင်နေသည့် MDY-PDF က တော်လှန်ရေး၏ အနိမ့်အမြင့် အတက်အကျများကို ကြံ့ကြံ့ခံဖြတ်သန်းရင်း ပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်သွားမည်ဟု ဆိုသည်။ MDY-PDF သည် ပြီးခဲ့သည့် ငါး နှစ်တာ ကာလအတွင်း မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ထူးခြားပြောင်မြောက်သည့် တိုက်ပွဲဖော်ဆောင်မှုများကြောင့် ပြည်သူလူထု၏ အားကိုးယုံကြည်မှုကို အခိုင်အမာ ရရှိထားသည့် တပ်ဖွဲ့တစ်ခု ဖြစ်သည်။ #စစ်အာဏာရှင်စနစ် #အမြစ်ပြတ် #တိုက်ပွဲဝင်သွားမည် #၅နှစ်ပြည့် #MDY_PDF Post navigation စုံစင်ဖျားကျေးရွာကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးဖြင့် ကြဲတိုက်ခိုက်၊ ပြည်သူတစ်ဦး သေဆုံး ခင်ဦးတွင် မီးပတ်ရှို့နေသည့် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး ‘မီးရှို့ကိုကို’ ဟု နာမည်ကြီးနေသည့် စစ်ဗိုလ် သေဆုံး