PSM (News) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်ရှိ စုံစင်ဖျားကျေးရွာအတွင်းသို့ စစ်ကော်မရှင် တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) ဗဟိုက ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်သည်။ စစ်ကော်မရှင်၏ ဂျက်ဖိုက်တာ တစ်စင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေ ၂ နာရီ ၃၃ မိနစ်ခန့်က ပေါင် ၅၀၀ ဗုံး တစ်လုံး လာရောက်ကြဲချခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူ့နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ-KNU #KNU #ကစယ်ဒိုမြို့နယ် #စုံစင်ဖျားကျေးရွာ #လေကြောင်းတိုက်ခိုက်မှု #PSM_News Post navigation ဧပြီလဆန်းတွင် သမ္မတတင်မြှောက်၍ အစိုးရသစ်ဖွဲ့မည်ဟု ဒုစစ်ခေါင်းဆောင်စိုးဝင်းပြော၊ “စစ်တပ် ဦးဆောင်သော အရပ်သားအရေခြုံအစိုးရ”ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ကြိုးပမ်းနေ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ၅ နှစ်ပြည့် တပ်မွေးနေ့တွင် MDY-PDF ကတိသစ္စာပြု