PSM(News) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေကြသည့် တော်လှန်အနုပညာရှင်များ စုပေါင်းတင်ဆက်သည့် (Live in Bay Area): The Virtual Experience ဂီတဖျော်ဖြေပွဲကို တော်လှန်ရေးရန်ပုံငွေအဖြစ် အွန်လိုင်းမှတစ်ဆင့် လက်မှတ်ဝယ်ယူ အားပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။ The Distant Café မှ စီစဉ်ကျင်းပသည့် အဆိုပါဖျော်ဖြေပွဲကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ အွန်လိုင်းမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး လက်မှတ်တစ်စောင် ဝယ်ယူရုံဖြင့် ၃ ရက်တိုင်တိုင် စိတ်ကြိုက် ပြန်လည်ကြည့်ရှုနိုင်မည် ဖြစ်သည်။ ဖျော်ဖြေပွဲတွင် အဆိုတော် အေးချမ်းမေ၊ ရန်ရန်ချန်း၊ ကော်ဘရာ၊ လင်းနစ်၊ ခါရာ၊ ကျော်သီဟ၊ Mark Jason နှင့် ခင်စုစုနိုင် စသည့် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ ၎င်းတို့၏ ရင်တွင်းစကားများကိုပါ နားဆင်ရမည်ဖြစ်သည်။ “ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်က အိမ်ပြန်ဖို့ပါပဲ။ အိမ်ပြန်ဖို့ဆိုတာ နိုင်မှရမှာဖြစ်လို့ ကျွန်တော်တို့ နိုင်ကိုနိုင်မှရပါမယ်။ ကျွန်တော့်နှလုံးသားထဲမှာ ဒါပဲရှိပါတယ်” ဟု အဆိုတော် ကော်ဘရာက ၎င်း၏ အိမ်ပြန်ချင်သည့် ဆန္ဒကို အလေးအနက် ပြောကြားထားသည်။ လက်မှတ်များကို The Distant Cafe ၏ Facebook Page Messenger နှင့် Sammy Bear Entertainment ဝက်ဘ်ဆိုက်တို့တွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။ #PSM_News #အမေရိကန် #အနုပညာရှင်များ #တော်လှန်ရေးရန်ပုံငွေ Post navigation စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် နိုင်ငံတကာဆက်ဆံရေး ဆိုးရွားလာပြီး ရန်ကုန်ရှိ ဖင်လန်သံရုံး ယခုလကုန်တွင် စတင်ပိတ်သိမ်းမည် ဧပြီလဆန်းတွင် သမ္မတတင်မြှောက်၍ အစိုးရသစ်ဖွဲ့မည်ဟု ဒုစစ်ခေါင်းဆောင်စိုးဝင်းပြော၊ “စစ်တပ် ဦးဆောင်သော အရပ်သားအရေခြုံအစိုးရ”ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ကြိုးပမ်းနေ