ဓာတ်ပုံ-CJ PSM(News)မတ် ၂၃၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာကြီးကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ အရပ်သား ငါး ဦး သေဆုံးကာ တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်သည် ယမန်နေ့ မတ် ၂၂ ရက် ည ၉ နာရီခန့်က ဂျက်ဖိုက်တာ သုံးစင်းဖြင့် မင်း ရွာကြီး ကျေးရွာအတွင်းသို့ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ အမျိုးသား သုံး ဦးနှင့် ကလေးငယ်အပါအဝင်အမျိုးသမီး နှစ် ဦး၊ စုစုပေါင်း ငါး ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အခြားဒေသခံတစ်ဦးလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ Post navigation ပဲခူးတိုင်းအနောက်ခြမ်းတွင် စစ်ကော်မရှင်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီ’စစ်သား ၈ဦးသေဆုံး မြိုင်မြို့နယ်တွင် ကင်းပတ်ထွက်လာသည့် ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး