PSM(Nws)မတ် ၂၃၊ ၂၀၂၆ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စစ်ကော်မရှင်ယာဉ်တန်းကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ရှစ် ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ-၂၂ က ထုတ်ပြန်သည်။ ဇီးကုန်းမြို့နယ်မှ ထွက်ခွာလာသော ဆိုင်ကယ် ၁၂ စီးပါ စစ်ကော်မရှင်စစ်ကြောင်းကို ယမန်နေ့ မတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဘဲအင်းလမ်းဆုံ၌ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကူလာသည့် ကား သုံး စီးကိုလည်း ဇီးကုန်းမြို့နှင့် တစ်မိုင် ခန့်အကွာရှိ မယင်းကုန်းတွင် ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ ၂ နေရာတွင် သိရသည်။ ထိုသို့ တိုက်ခိုက်မှုများအတွင်း စစ်ကော်မရှင်တပ်သား ရှစ် ဦး သေဆုံးကာ ကိုး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းများ၊ စစ်သုံးဆက်စပ်ပစ္စည်းများနှင့် လက်ကိုင်ဖုန်း သုံး လုံးတို့ကို သိမ်းပိုက် ရရှိခဲ့သည်။ အဆိုပါ စစ်ဆင်ရေးကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှု အောက်ရှိ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း တပ်ခွဲ (၄) UGF Okpo နှင့် တပ်ခွဲ (၅) BTZM တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်မှ အထိအခိုက်မရှိဘဲ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ Post navigation လှိုင်သာယာတွင် ဆိုင်ကယ်နှင့် ဖုန်းခိုးယူထွက်ပြေးသူ ဓာတ်တိုင်ဝင်တိုက်မိ၍ သေဆုံး အရာတော်မြို့နယ်တွင် စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၃ စင်းဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ အရပ်သား ၅ ဦး သေဆုံး