PSM(News)
ရန်ကုန်၊ မတ် ၂၃ ၊ ၂၀၂၆

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းကို ခိုးယူထွက်ပြေးသည့် အမျိုးသား တစ်ဦးသည် လမ်းဘေးဓာတ်တိုင်ကို အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော အဆိုပါ အမျိုးသားသည် ယမန်နေ့ မတ်လ ၂၂ ရက် ညပိုင်းက လှိုင်သာယာ (၁) ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးကို ခိုးယူကာ မောင်းနှင် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ အမြန်မောင်းနှင်ထွက်ပြေးစဉ် လမ်းဘေးရှိ လျှပ်စစ်ဓာတ်တိုင်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်ဖြစ်သည့် HTY Scout Channel ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားရှိကာ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ-HTY Scout Channel

By Htet Ko

You missed