PSM(Nws)
မတ် ၂၃၊ ၂၀၂၆

စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်း၊ Knight Commanders PDF တွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်တစ်ဦးသည် တပ်ဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ထွက်ပြေးသွားပြီး စစ်ကော်မရှင်ထံသို့ ကူးပြောင်း သွားကြောင်း သိရှိရသဖြင့် တော်လှန်ရေးရဲဘော်များ အထူးသတိပြုကြရန် အသိပေးထားသည်။

စစ်ကော်မရှင်ထံသို့ ကူးပြောင်းသွားသည့် အသက် ၂၃ နှစ်အရွယ် စွမ်းသီဟဇော် (ခ) သံပုရာသီး ဆိုသည့် တပ်ပြေးသစ္စာဖောက်မှာ လက်ရှိတွင် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်အတွင်း ရောက်ရှိနေသည်ဟု သတင်းရရှိကြောင်း Knight Commanders PDF က ထုတ်ပြန်သည်။

အဆိုပါ တပ်ပြေးရဲဘော်အဖြေင် ၎င်း၏ Facebook, Telegram, Viber နှင့် Messenger စသည့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်လာပါက Knight Commanders PDF တပ်ဖွဲ့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိတော့ကြောင်းနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် အဆိုပါပုဂ္ဂိုလ်နှင့် လုံးဝ အဆက်အသွယ်မပြုလုပ်ကြရန် အလေးအနက် သတိပေးထားသည်။

အဆိုပါထုတ်ပြန်ချက်ကို စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်း၊ Knight Commanders PDF ၏ တာဝန်ရှိသူဘယ်သန်ကြီးက မတ်လ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ-Knight Commanders PDF

By Htet Ko