PSN(NEWS)မတ် ၂၃၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် နှင့် အီရန်နိုင်ငံတို့သည် ပင်လယ်ကွေ့ဒေသရှိ စွမ်းအင်နှင့် ပင်လယ်ရေချိုထုတ်စက်ရုံများကို တိုက်ခိုက်မည်ဟု အပြန်အလှန် ခြိမ်းခြောက်လျက်ရှိရာ၊ ယင်းအခြေအနေသည် ဒေသတွင်း ပဋိပက္ခကို ပိုမိုကျယ်ပြန့်စေပြီး ကမ္ဘာ့ဈေးကွက်အပေါ် စိုးရိမ်မှုများ တိုးပွားစေလျက်ရှိသည်။ တနင်္ဂနွေနေ့ နံနက်အစောပိုင်းမှစတင်ကာ အစ္စရေးနိုင်ငံတစ်ဝန်းတွင် လေကြောင်းရန်သတိပေးဥသြသံများ ထွက်ပေါ်ခဲ့ပြီး၊ အီရန်မှ ပစ်ခတ်လိုက်သော ဒုံးကျည်များ ကျရောက်နိုင်သည့်အန္တရာယ်ကို သတိပေးခဲ့သည်။ ယင်းသည် အစ္စရေးတောင်ပိုင်းမြို့များဖြစ်သည့် အာရတ်နှင့် ဒီမိုနာတို့တွင် လူအများအပြား ဒဏ်ရာရရှိခဲ့သည့် တိုက်ခိုက်မှုနှစ်ခုအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပင်လယ်ရေချိုထုတ်စက်ရုံများ တိုက်ခိုက်ခံရမည့်အရေးသည် ဆော်ဒီအာရေဗျ၊ အိုမန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) တို့ထက် ပိုမို၍ ကမ်းရိုးတန်းတစ်ခုတည်းသာရှိသော ကာတာ၊ ဘာရိန်းနှင့် ကူဝိတ်နိုင်ငံများအတွက် ပိုမိုစိုးရိမ်စရာ ဖြစ်နေသည်။ အီရန်သည် ကီလိုမီတာ ၄,၀၀၀အထိ ပစ်ခတ်နိုင်သော ခရီးဝေးပစ် ဒုံးကျည်နှစ်စင်းကို အိန္ဒိယသမုဒ္ဒရာရှိ ဒီယေဂို ဂါစီယာ အမေရိကန်-ဗြိတိန် စစ်အခြေစိုက်စခန်းသို့ ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်ဦးစီးချုပ် အီယေးလ် ဇာမာက ပြောကြားခဲ့သည်။ ထို့ပြင် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့နှင့်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ကိုးကား Reuters Post navigation ချက်ဝန်ကြီးချုပ် ဘာဘစ်ရှ်၏ အစိုးရသစ်ကို ဆန့်ကျင်ရန် ပရာ့ဂ်မြို့တွင် လူသောင်းနှင့်ချီ၍ ဆန္ဒပြ အရှေ့အလယ်ပိုင်းစစ်ပွဲ ပြင်းထန်လာမှုကြောင့် တနင်္လာနေ့တွင် ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်