PSM(NEWS) ဖေဖော်ဝါရီလ ၂၃၊၂၀၂၆ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်တွင် စစ်ကော်မရှင်ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ရာ ၁၀ဦးသေဆုံးသွားကြောင်း People’s Defense Force – Mandalayက ထုတ်ပြန်ထားသည်။ ငါးဇွန်မြို့နယ်၊ ဆုံရွာမှ ဆီမီးခုံမြို့သို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးခေါင်ဆောင်တို့ လိုက်ပါ လာသော အင်အား ၂၀ ခန့်ပါ ရိက္ခာသယ် ယာဉ်တန်းကို ဖေဖော်ဝါရီ ၂၀ရက်နေ့က ကြားဖြတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကြားဖြတ်တိုက်ခိုက်ရာတွင် ၁၅ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ အပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ကျန်ပျူစောထီးများမှာ ထိခိုက်ဒဏ်ရာများနှင့်အတူ ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရသည်။ တိုက်ပွဲအတွင်းမှနေ၍ G3 နှစ်လက်၊ ကာဘိုင် တစ်လက်၊ ကင်းထောက်ဒရုန်း တစ်စင်း၊ G3ကျည် ၅၃ တောင့်တို့ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များမှ သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါ တိုက်ပွဲကို မန္တလေးခရိုင် အမှတ်(၃)တပ်ရင်း နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ-People’s Defense Force – Mandalay #ကြားဖြတ်တိုက်ခိုက် #ငါးဇွန် #စစ်ကော်မရှင်ယာဉ်တန်း #တိုက်ခိုက်ခံရ #PSM_News Post navigation မြန်မာ့ဂုဏ်ဆောင် UFC ချန်ပီယံ ဂျိုရှူဝါဗန်၏ ပထမဆုံး ခါးပတ်ကာကွယ်ပွဲ အမေရိကန်တွင် ကျင်းပမည် စစ်အုပ်စု၏ တတိယအကြိမ် လွှတ်တော်ခေါ်ရန် ရက်သတ်မှတ်၊ ကြံ့ခိုင်ရေးနှင့် စစ်တပ်ကိုယ်စားလှယ် ၅၀၀ ကျော်ဖြင့် အစိုးရဖွဲ့ကာ လွှတ်တော်ကို စိတ်ကြိုက်ခြယ်လှယ်မည်