PSM(News)

ဇူလိုင် ၂၁၊၂၀၂၆

အိန္ဒိယနိုင်ငံတွင် လူငယ်များဦးဆောင်သည့် ကော့ခ်ရိုးဂျန်တာပါတီ၏ ဆန္ဒပြပွဲကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့် တုတ်များဖြင့် လူစုခွဲရန် ကြိုးပမ်းခဲ့သော်လည်း ထောင်နှင့်ချီသော လူအုပ်ကြီးသည် တနင်္လာနေ့က လွှတ်တော်ဆီသို့ ချီတက်ခဲ့ကြသည်။

ဆေးကောလိပ်ဝင်ခွင့် စာမေးပွဲမေးခွန်း ပေါက်ကြားမှုများနှင့် အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်သည့်အနေဖြင့် ပညာရေးဝန်ကြီး ဓမင်ဒြာ ပရာဒန် နုတ်ထွက်ပေးရန်နှင့် အစာငတ်ခံ ဆန္ဒပြနေသူ ဆိုနမ် ဝမ်ချုက် လွတ်မြောက်ရေးတို့ကို ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

လက်ရှိတွင် ဖယ်ဒရယ်ဝန်ကြီးတစ်ဦးက အဆိုပါ တောင်းဆိုချက်များကို အစိုးရအနေဖြင့် စဉ်းစားပေးမည်ဟု ကတိပြုခဲ့ကြောင်း လှုပ်ရှားမှုခေါင်းဆောင်များက ပြောကြားခဲ့ပြီး တာဝန်ရှိသူများကလည်း ဆန္ဒပြသူများအား သပိတ်ရပ်ဆိုင်းကြရန် မေတ္တာရပ်ခံထားသည်။

ကိုးကား-Reuters

By Htet Ko