PSM(News) ဇူလိုင် ၂၁၊ ၂၀၂၆ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခတစ်ခုအတွင်း တရုတ်ကမ်းခြေစောင့်တပ် ဝန်ထမ်းများသည် ဖိလစ်ပိုင်ရေတပ်ဖိလစ်ပိုင်ရေတပ် စစ်သည်တစ်ဦး၏ ဦးခေါင်းကို သစ်သားတုတ်ဖြင့် ရန်လို စွာ ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က တနင်္လာနေ့တွင် စွပ်စွဲပြောဆိုလိုက်သည်။ ဒုတိယ သောမတ်စ် သောင်ခုံ(Second Thomas Shoal) ဟုခေါ်ဆိုသည့် ဒေသတွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်ကြောင့် ဖိလစ်ပိုင်ရေတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရေတပ် ရာဘာလှေတစ်စင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ်ဘက်ကမူ ၎င်းတို့၏ ရန်လိုသည့် အပြုအမူများနှင့်ပတ်သက်ပြီး သတင်းဌာနများ၏ မေးမြန်းမှုကို ချက်ချင်း ဖြေကြားခြင်း မရှိသေးပေ။ ကိုးကား -Reuters Post navigation အိန္ဒိယတွင် စာမေးပွဲမေးခွန်း ပေါက်ကြားမှုကြောင့် လူငယ်များ ဆန္ဒပြ ရုရှား၏ အိုဒက်ဆာမြို့အနီး ပြောင်းတင်သင်္ဘောအား တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံး