PSM(News)

ဇူလိုင် ၂၁၊၂၀၂၆

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့ရှိ အီးကွန်မာ့စ် ကုမ္ပဏီ ကူပန်း (Coupang) ၏ ကုန်လှောင်ရုံတစ်ခုတွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုသည်ဇူလိုင်လ ၂၀ ရက်နေ့ဆိုလျှင်၅၂နာရီကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ အဆောက်အအုံ ပြိုကျမည်ကို စိုးရိမ်ရသဖြင့် အနီးအနားရှိ စီးပွားရေးလုပ်ငန်းများနှင့် စက်ရုံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များက ညွှန်ကြားထားသည်။

အဆောက်အအုံအတွင်းရှိ ဝန်ထမ်းအားလုံး ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ကြသည်။

မီးလောင်ရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးဘဲ၊ မီးငြှိမ်းသတ်ပြီးပါက တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko