PSM(News) ဇူလိုင် ၂၁၊ ၂၀၂၆ ယူကရိန်းနိုင်ငံ၊ အိုဒက်ဆာမြို့ အနီးတွင်ပြောင်းများတင်ဆောင်လာသော သင်္ဘောတစ်စင်းကို ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောသားများနှင့် ဝန်ထမ်း စုစုပေါင်း လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ယူကရိန်းရေတပ်၏ ထုတ်ပြန်ချက်အရ ဂီနီဘီစောင် (Guinea-Bissau) နိုင်ငံအလံတင်Golden Leo သင်္ဘောသည် ခရုဇ်ဒုံးကျည် ၃ စင်းဖြင့် ထိမှန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် သင်္ဘောသား ၉ ဦးနှင့် ရေကြောင်း လမ်းညွှန်ပြသသူ ၁ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ပြီး ၈ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် ပင်လယ်နက်နှင့် အဇော့ပင်လယ်တို့တွင် အဓိက ပို့ကုန်လမ်းကြောင်းများနှင့် စွမ်းအင် အဆောက်အအုံများကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုများကို ပိုမို ပြုလုပ်လာကြသည်။ ကိုးကား-Reuters Post navigation တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်တပ်၏ ရိုက်နှက်မှုကြောင့် ဖိလစ်ပိုင်ရေတပ်သား ထိခိုက်ဒဏ်ရာရ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ ကူပန်း ကုန်လှောင်ရုံ မီးလောင်မှု ဖြစ်ပွား