PSM (News)

ဩဂုတ် ၂၁၊ ၂၀၂၆

မဲဆောက်မြို့၌ တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ဩဂုတ်လ ၂၁ ရက်နေ့တွင် မြို့၏ အဓိက စီးပွားရေးဇုန်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ကာ ဒေသခံများနှင့် ကုန်သည်များမှာ ပစ္စည်းများကို ကုန်းမြင့်သို့ အလောတကြီး ရွှေ့ပြောင်းခဲ့ကြရသည်။

မဲဆောက်မြို့အတွင်း ရပ်ကွက်အချို့ ရေလွှမ်းမိုးခဲ့ပြီး မဲဆောက်ကုန်စိမ်းဈေးတွင် ရေအနက် ၃၀ စင်တီမီတာနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ၅၀ စင်တီမီတာကျော်အထိ ရေကြီးခဲ့သည်။ မဲဆောက်ခရိုင် အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ တာဝန်ရှိသူများက ဒေသခံများအား ပစ္စည်းရွှေ့ပြောင်းခြင်းနှင့် လူနာ၊ သက်ကြီးရွယ်အိုများအား ဘေးကင်းရာသို့ ကူညီရွှေ့ပြောင်းပေးလျက် ရှိသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ သောင်ရင်းမြစ်ရေမှာ ကမ်းပါးထက် ၁ မီတာကျော်အထိ ကျော်တက်လာပြီး မြန်မာနိုင်ငံဘက်ခြမ်းရှိ မြဝတီမြို့မှာလည်း ပြင်းထန်စွာ ထိခိုက်ခံစားနေရသည်။ ရင်မိုးယေဈေး အတွင်းသို့ ရေဝင်ရောက်ခဲ့ကာ လှေငယ်များဖြင့် လူများနှင့် အိမ်မွေးတိရစ္ဆာန်များကို ကူညီပို့ဆောင်ပေးနေရသည်။

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးသက်သာရေးဌာန (DDPM) က ရေမျက်နှာပြင် ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း Cell Broadcast ဖြင့် သတိပေးထားပြီး မဲဆောက်နှင့် မဲရာမတ်ခရိုင်အတွင်းရှိ မြစ်ကမ်းတစ်လျှောက် နေထိုင်သူများအနေဖြင့် ပစ္စည်းများနှင့် ယာဉ်များကို ကုန်းမြင့်သို့ အမြန်ဆုံး ရွှေ့ပြောင်းကြရန် တိုက်တွန်းထားသည်။

ကိုးကား – Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *