PSM(News)

ဇွန် ၂၊၂၀၂၆

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဇုန်တွင် တပ်စွဲထားသော အာဏာလု စစ်အုပ်စုတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြိုတင်ကင်းပုန်းဝပ်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ လေ ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်တွင် မြို့သာစက်မှုဇုန်အတွင်း တပ်စွဲထားသော စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် MAXX အမျိုးအစား မော်တော်ယာဉ်ငယ်တစ်စီးဖြင့် မြို့သာဘီယာဆိုင်သို့ လာရောက်သောက်စားခဲ့ကြသည်။

ထို့နောက် အဆိုပါ ဘီယာဆိုင်သို့ Light Truck အမျိုးအစား မော်တော်ယာဉ်တစ်စီး ထပ်မံရောက်ရှိလာပြီး ဆိုင်အတွင်းရှိ စစ်သားများနှင့် ကားချင်းလဲလှယ်ကာ ပြန်လည်ထွက်ခွာလာစဉ် ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြို၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင် လေး ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အခြား နှစ် ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကြားဖြတ်တိုက်ခိုက်စဉ် စစ်အုပ်စုဘက်မှ ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် အပြန်အလှန် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ရကြောင်း သိရသည်။

By Htet Ko

You missed