PSN(News) မတ် ၂၀၊ ၂၀၂၆ ယနေ့ မတ်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၃၈) နှစ်မြောက် ချင်းတော်လှန်ရေးနေ့ အထိမ်း အမှတ်အဖြစ် ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ချင်းတော်လှန်ရေး အဆုံးသတ်တိုက်ပွဲအတွက် အင်အားစုကြရန်နှင့် အရွယ်ရောက်ပြီးသူ ချင်းအမျိုး သားအားလုံး အမျိုးသားရေးအသိဖြင့် ချင်းတော်လှန်ရေးတွင် စစ်မှုထမ်းကြရန် CNF က အထူး တိုက်တွန်းထားသည်။ ချင်းလူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး အတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့သည်မှာ ယနေ့ မတ်လ ၂၀ ရက်တွင် ၃၈ နှစ် တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်သည်။ အဆိုပါ တော်လှန်ရေးကာလအတွင်း အသက်ပေးလှူသွားကြသည့် အာဇာနည်သူရဲကောင်းများကိုလည်း ဂုဏ်ပြုဦးညွတ်ကြောင်း CNF က ဖော်ပြထားသည်။ လက်ရှိတွင် အာဏာသိမ်းစစ်အုပ်စုသည် စစ်ကော်မရှင်မှတစ်ဆင့် ပြုလုပ်သည့် အတုအယောင် ရွေးကောက်ပွဲဖြင့် လွှတ်တော်အတု နှင့် စစ်တပ်အခွံလဲအစိုးရကို ဖွဲ့စည်းကာ အာဏာတည်မြဲရေး အတွက် ပြည်သူနှင့် နိုင်ငံ တကာကို လှည့်ဖြားရန် ကြိုးပမ်းနေကြောင်း CNF က သတိပေးထားသည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ရန်သူနှင့် မိတ်ဆွေကို ရှင်းလင်းစွာ ခွဲခြား၍ ညီညီညွတ်ညွတ် လက်တွဲတော်လှန်ကြရမည့် အချိန်ဖြစ်ပြီး ချင်းတော်လှန်ရေး အင်အားစုများ အနေဖြင့် လည်း စစ်ရေးနှင့် နိုင်ငံရေးအင်အားကို ပိုမိုစုစည်းကာ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲရမည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း CNF က နှိုးဆော်ထားသည်။ ထို့ပြင် ပြည်တွင်းပြည်ပရှိ ချင်းလူမျိုးများအနေဖြင့်လည်း တော်လှန်ရေးပန်းတိုင်သို့ အမြန်ရောက်ရှိ နိုင်ရေးအတွက် လူအင်အား၊ ဓနအင်အားများ ပိုမိုစိုက်ထုတ်ပါဝင်ကြရန် CNF ဗဟိုအလုပ်အမှုဆောင် ကော်မတီက တိုက်တွန်းထားသည်။ ပုံစာ-ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ #CNF #ချင်းတော်လှန်ရေးနေ့ #ချင်းပြည်နယ် #ရွေးတု #စစ်မှုထမ်းတော်လှန်ရေး #PSM_News Post navigation ကျောက်ကြီးတွင် စစ်မှုထမ်းတပ်သားသစ် ၃ ဦး KNLA ထံ လက်နက်ချအလင်းဝင် ယခု တစ်ပတ်အတွင်း စစ်ကော်မရှင်လက်အောက်ခံ စစ်သားနှင့် ရဲ ၁၁ ဦး ထပ်မံအလင်းဝင်လာပြီး ၁၅ လအတွင်း လက်နက်ချသူ ၃,၀၀၀ နီးပါးရှိလာ