PSM(News)

မတ် ၂၀၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်ရှိ နဘက်ကျေးရွာကို ယနေ့ မတ်လ ၂၀ ရက် နေ့လယ် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကော်မရှင်၏ တိုက်လေယာဉ်တစ်စင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆ လအရွယ်ခန့်ရှိ လသားအရွယ် ကလေးငယ် တစ်ဦးနှင့် ၎င်း၏မိခင်အပါအဝင် ရွာသား လေး ဦးမှာ နေရာ၌ပင် သေဆုံးခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင် ခဲ့ကြရသည်။

လက်ရှိတွင် အာဏာသိမ်းစစ်အုပ်စုသည် စစ်ရေးနှင့်မသက်ဆိုင်သည့် ကျေးရွာများကို လေကြောင်းမှ တစ်ဆင့် ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် အရပ်သားသေဆုံးမှုများ မြင့်တက်လာနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ – CJ

ပုံစာ – စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် နဘက်ကျေးရွာ၏ မြင်ကွင်း။

#မြောင်မြို့နယ်

#နဘက်ကျေးရွာ

#စစ်ကော်မရှင်

#လေကြောင်းဗုံးကြဲ

#လသားအရွယ်ကလေးငယ်

#လေးဦးသေဆုံး

#PSM_News

By Htet Ko