PSM(NEWS)

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စုသည် G20 အဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဆိုင်ရာ အရာရှိကြီးများ၏ အစည်းအဝေးများကို မြောက်ကာရိုလိုင်းနားပြည်နယ်၊ အက်ရှ်ဗေးလ်မြို့တွင် လာမည့် ဩဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလ ၁ ရက်နေ့အထိ လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သမ္မတ ဒေါ်နယ် ထရမ့် က ဦးဆောင်ကျင်းပမည့် G20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကိုမူ ဒီဇင်ဘာလ ၁၄ ရက်မှ ၁၅ ရက်နေ့အထိ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီ မြို့ရှိ Trump National Doral အပန်းဖြေစခန်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကိုးကား Reuters

#G20

#ဘဏ္ဍာရေးဆိုင်ရာ

#အမေရိကန်

#မိုင်ယာမီမြို့

#ကျင်းပ

#ဒေါ်နယ်ထရမ့်

#PSM_News

By Htet Ko