PSM(News)

ဩဂုတ် ၂၊ ၂၀၂၆

ဂျပန်နိုင်ငံ၊ အနောက်တောင်ပိုင်းတွင် လှုပ်ခတ်သွားခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပေါက်ကွဲမှုဖြစ်ပွားကာ ပြိုပျက်သွားခဲ့သော စျေးဝယ်စင်တာ တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက စနေနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ၇ ဒသမ ၁ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၃၆ ဦးအထိ ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးကြောင်း ကြေညာခြင်းဖြစ်သည်။

Aeon Mall Kumamotoဈေးဝယ်စင်တာ တွင် လူ ၁၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ၇ ဦး သေဆုံးကြောင်း အတည်ပြုခဲ့သည်။

လက်ရှိအခြေအနေ: လူပေါင်း ၉,၀၀၀ ကျော်မှာ ခိုလှုံရာစခန်းများတွင် ဆက်လက်နေထိုင်ရဆဲဖြစ်ပြီး အိမ်ထောင်စု ၅၉,၀၀၀ ကျော်မှာ ရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။

ကိုးကား-CNA

By Htet Ko