PSM(News) ဇွန် ၂၊၂၀၂၆ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ရိက္ခာလာပို့သည့် စစ်အုပ်စုလက်အောက်ခံ ရဲကွန်မန်ဒိုတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်ကြောင်းက ဖမ်းဆီးခေါ် ဆောင်လာသည့် ဒေသခံအမျိုးသားတစ်ဦးကိုပါ ကယ်တင်နိုင်ခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ -၄ ထံမှ သိရသည်။ အုတ်ဖိုမြို့နယ်၊ ချောင်းခွ (K) ကျေးရွာ၌ တပ်စွဲထားသော စစ်အုပ်စုစစ်ကြောင်းထံသို့ ရိက္ခာလာရောက် ပို့ဆောင်သည့် နေပြည်တော်တပ်ရင်း (၁၇) မှ ရဲကွန်မန်ဒို မင်းမင်းထွန်းကို ပြီးခဲ့သည့် မေ ၃၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၄ က ချောင်းခွ (K) ကျေးရွာအနီးတွင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရဲကွန်မန်ဒိုကို ဖမ်းဆီးရမိသည့်အပြင် ပြီးခဲ့သည့် မေ ၂၀ ရက်နေ့က စစ်အုပ်စုစစ်ကြောင်း စတင်ထွက်ခွာလာစဉ်အတွင်း အုတ်ဖိုမြို့နယ်၊ အောက်ကိုင်းကလေးအုပ်စု၊ သရက်တောကျေးရွာမှ မတရားပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခြင်းခံထားရသူ ကိုငပိုင် (ခ) အောင်ပိုင်စိုး ကိုပါ ချောင်းခွ (K) ကျေးရွာအနီးတွင်ပင် တစ်ပါ တည်း ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသည့် စစ်ကောင်စီရဲကွန်မန်ဒိုကို လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး ကယ်တင်နိုင်ခဲ့သည့် ပြည်သူတစ်ဦးကိုလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ရှောက်မှုများပေးကာ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၄ က အသိပေးထုတ်ပြန်ထားသည်။ ဓာတ်ပုံ- သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၄ Post navigation အိပ်မက်ထဲမှအဘိုးအိုတစ်ဦး၏ လမ်းညွှန်မှုဖြင့်ထီပေါက်ခဲ့သည့်လားဟူတိုင်းရင်းသူ