PSM (News)ဖေဖော်ဝါရီ ၂၊ ၂၀၂၆ အမေရိကန်အစိုးရက အပြည်ပြည်ဆိုင်ရာ တရားရုံး (International Criminal Court – ICC) ၏ တရားသူကြီးများနှင့် တရားလိုရှေ့နေများအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းသင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦးက တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂ၏ တရားသူကြီးနှင့် ရှေ့နေများ၏ လွတ်လပ်မှုအတွက် အထူးကိုယ်စားလှယ် မာဂရက် ဆက်သာဝိတ် (Margaret Satterthwaite) က အမေရိကန်၏ ယင်းလုပ်ရပ်များသည် တရားမျှတမှုလုပ်ငန်းစဉ်ကိုတမင်တကာ အဟန့်အတားဖြစ်စေခြင်း ဖြစ်ပြီး Rule of Law (တရားဥပဒေစိုးမိုးမှု) နှင့် အပြည်ပြည်ဆိုင်ရာ တာဝန်ခံမှုစနစ် ကို ပြင်းထန်စွာ ခြိမ်းခြောက်နေကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။ မာဂရက် ဆက်သာဝိတ် ၏ ပြောကြားချက်အရ ICC အရာရှိများကို တရားစွဲမည်ဟု ခြိမ်းခြောက်ခြင်း၊ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း သည်တရားသူကြီးများ၏ လွတ်လပ်မှုကို ထိခိုက်စေပြီး အပြည်ပြည်ဆိုင်ရာ တရားမျှတမှုစနစ်အပေါ် “ကြောက်ရွံ့မှုဖြစ်စေသော သတင်းစကား” ပို့နေခြင်းနှင့် တူကြောင်း ထောက်ပြခဲ့သည်။ အမေရိကန်အစိုးရသည် Executive Order 14203 အောက်တွင် ICC တရားသူကြီးများ၊ တရားလိုရှေ့နေများနှင့် ICC ကို ပံ့ပိုးနေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအချို့အပေါ် ဗီဇာပိတ်ပင်ခြင်းနှင့် အမေရိကန်ဘဏ္ဍာရေးစနစ်အတွင်း ပိုင်ဆိုင်မှု ကန့်သတ်ခြင်းတို့ကို ချမှတ်ထားသည်။ ယင်းပိတ်ဆို့မှုများသည် ICC ၏ လုပ်ငန်းဆောင်ရွက်မှုကို အားနည်းစေပြီး လူမျိုးတုံးသတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုနိုင်စွမ်းကို လျော့နည်းစေနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။ ထို့အပြင် ဥရောပနိုင်ငံအချို့နှင့် နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းကလည်း ICC သည် နိုင်ငံရေးဖိအားများမှ ကင်းလွတ်ပြီး လွတ်လပ်စွာ လည်ပတ်နိုင်ရမည်ဟု ထောက်ခံကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ထားသည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အမေရိကန်အစိုးရအနေဖြင့် ပိတ်ဆို့အရေးယူမှုများကို ချက်ချင်း ရုပ်သိမ်းပြီး အပြည်ပြည်ဆိုင်ရာ တရားမျှတမှုစနစ်ကို လေးစားလိုက်နာရန် တိုက်တွန်းထားသည်။ ကိုးကား – OHCHR ကုလသမဂ္ဂအထူးကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာတရားရုံး အမေရိကန်_ပိတ်ဆို့အရေးယူမှု ICC_တရားသူကြီး တရားမျှတမှုစနစ်_လေးစားရန် PSM_News Post navigation နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ် လူလိုက်ပါမည့် လကမ္ဘာခရီးစဉ်အတွက် NASA အစမ်းလေ့ကျင့်မှုများ စတင် တရုတ်တရားရေးဝန်ကြီးဟောင်း ထောင်ရီကျင်းအား အဂတိလိုက်စားမှုဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်