PSM(NEWS)
ဖေဖော်ဝါရီ ၂၊ ၂၀၂၆

အမေရိကန် အမျိုးသား အာကာသနှင့် လေကြောင်း အုပ်ချုပ်ရေးအဖွဲ့ (NASA) သည် လကမ္ဘာသို့ ပထမဆုံး အကြိမ် သွားမည့် အာကာသယာဉ်အတွက် နှစ်ရက်ကြာ စမ်းသပ်မှုများကို စတင်ပြုလုပ်ခဲ့သည်။ အဆိုပါ စမ်းသပ်မှုများတွင် လောင်စာဆီဖြည့်တင်းခြင်းအပါအဝင် လုပ်ငန်းစဉ်များကို စမ်းသပ်ကာ အာကာသယာဉ်မှူးလေးဦး၏ ခရီးစတင်ချိန်ကို သတ်မှတ်မည်ဖြစ်သည်။

NASA အဖွဲ့ခေါင်းဆောင် ရိဒ် ဝိုက်စ်မန်း နှင့် အဖွဲ့သားများသည် ၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လကမ္ဘာသို့ သွားမည့် အာကာသယာဉ်မှူးများ ဖြစ်ကြပြီး ဟူစတန်မြို့ရှိ အခြေစိုက်စခန်းမှ စမ်းသပ်မှုများကို စောင့်ကြည့်နေကြသည်။ အစမ်းလေ့ကျင့်မှုအောင်မြင်ပါက ဒုံးပျံကို ကနေဒါအာကာသစခန်းသို့ ရွှေ့သွားမည်ဖြစ်သည်။

အမြင့် ၃၂၂ ပေ (၉၈ မီတာ) ရှိ Space Launch System (SLS) ဒုံးပျံကို လွန်ခဲ့သည့် အပတ်က ပစ်လွှတ်စင်သို့ ရွှေ့ထားပြီးဖြစ်သည်။ စမ်းသပ်မှုတွင် အလွန်အေးမြသော လောင်စာရည် ဂါလန်ပေါင်း ၇ သိန်းကျော်ကို ဖြည့်သွင်းပြီး အင်ဂျင်မနှိုးမီ စက္ကန့် ၃၀ အတွင်း စမ်းသပ်မှုကို ရပ်တန့်မည်ဖြစ်သည်။

ရာသီဥတုအလွန်အေးခဲမှုကြောင့် စမ်းသပ်မှုနှင့် ပစ်လွှတ်မှုအစီအစဉ်မှာ နှစ်ရက်နောက်ကျခဲ့ပြီး လက်ရှိတွင် ဖေဖော်ဝါရီ ၈ ရက်တွင် ဒုံးပျံကို အစောဆုံး ပစ်လွှတ်နိုင်မည့် ရက်အဖြစ် သတ်မှတ်ထားသည်။

အမေရိကန်နှင့် ကနေဒါ အာကာသယာဉ်မှူးများသည် Orion အာကာသယာဉ်အတွင်း လိုက်ပါကာ လကမ္ဘာကို ပတ်ပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း သို့ ပြန်လည်ဆင်းသက်မည့် ခရီးစဉ်ကို ၁၀ ရက်ကြာမြင့်မည် ဖြစ်သည်။

ကိုးကား: AP

NASA

အစမ်းလေ့ကျင့်မှု

Orion_အာကာသယာဉ်

ကနေဒါအာကာသစခန်း

လကမ္ဘာပတ်

ခရီးစဉ်_၁၀ ရက်

PSM_News

By Htet Ko