PSM(News)

ဇူလိုင် ၁၈ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင် လာမည့် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉) ကြိမ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အာဇာနည် နေ့အကြို လူထုလှုပ်ရှားမှုများကို ယမန်နေ့ ဇူလိုင် ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် စစ်ကိုင်းမြို့နယ် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ တာဝန်ခံက ဦးစီး၍ ပြည်သူ လူထုနှင့်အတူ အာဇာနည်နေ့အကြို ဆန္ဒပြလမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့သည်။

ထိုသို့ ဆန္ဒပြလမ်းလျှောက်ဆန္ဒထုတ်ဖော်ရာတွင် တော်လှန်ရေးအောင်ပွဲကို ရှေးရှု၍ လာမည့် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် အာဇာနည်နေ့ကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန်နှင့် တော်လှန် ရေးဆိုင်ရာ တိုက်တွန်းနှိုးဆော် ဟောပြောမှုများကိုပါ လုပ်ဆောင်ခဲ့ကြသည်။

By Htet Ko