PSM (News)

ဇူလိုင် ၁၉၊၂၀၂၆

ရုရှားနိုင်ငံ၏ အဓိက အွန်လိုင်းအရောင်းဆိုင်ဖြစ်သည့် ၏ ဂိုဒေါင်များကို ယူကရိန်းတပ်ဖွဲ့က ဒရုန်းများဖြင့် သောကြာနေ့ညမှ စနေနေ့အကူး တွင်တိုက်ခိုက်ခဲ့ရာ လူ ၈ ဦး သေဆုံးပြီး ၆၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားအာဏာပိုင်များက အတည်ပြု ပြောကြားသည်။

တိုက်ခိုက်ခံရသည့် ဂိုဒေါင်များမှာ မော်စကိုမြို့မှ ၄၇၅ ကီလိုမီတာ (၂၉၅ မိုင်) အကွာ တမ်ဘော့ဗ် ဒေသရှိ ကိုတော့ဗ် မြို့နှင့် မော်စကိုမြို့ အရှေ့ဘက် ၅၀ ကီလိုမီတာ (၃၀ မိုင်) အကွာရှိ အီလက်ထရိုစတယ်လ် မြို့တို့တွင် တည်ရှိသည်။ ထို့အပြင် နိုဂင်စ် မြို့ရှိ ရေနံသိုလှောင်ရုံတစ်ခုလည်း ဒရုန်းအစအနများကြောင့် မီးလောင်ကျွမ်းခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ အနီးနားရှိ သားဖွားမီးယပ်ဆေးရုံကိုလည်း ရွှေ့ပြောင်းပေးခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ယူကရိန်းလုံခြုံရေးတပ်ဖွဲ့သည် ရုရှားနယ်နိမိတ်အတွင်း မိုင် ၅၀၀ ခန့်အကွာ ဆာရာတော့ဗ် ဒေသရှိ အန်ဂဲလ်စ် လေတပ်စခန်း၌ ရုရှား၏ Tu-95 ဗုံးကြဲလေယာဉ်တစ်စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-The Indepedent

By Htet Ko