PSM(NEWS)

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆

မြန်မာ့အရေးနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားပြီး ရလဒ်အခြေပြုသည့် လူ့အခွင့်အရေးဆိုင်ရာ ချဉ်းကပ်မှုမျိုး ကျင့်သုံးရန် အာဆီယံအမတ်များအဖွဲ့ ( APHR) က အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ တို့ကို တိုက်တွန်းလိုက်သည်။

APHR ၏ ထုတ်ပြန်ချက်တွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် လေ့လာစောင့်ကြည့်သူများအပေါ် လက်စားချေ တုံ့ပြန်မှုများကို ပုံမှန်လုပ်ရပ်များကဲ့သို့ လက်ခံလာစေရန် ဖိအားပေးမှုများကို အာဆီယံအနေဖြင့် တွန်းလှန်ရန်၊လူ့ဂုဏ်သိက္ခာနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကတိကဝတ်များသည် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသူများကို ကာကွယ်ပေးသည့် လုပ်ရပ်များအောက်သို့ ရောက်ရှိမသွားစေရန်၊မြန်မာစစ်ကော်မရှင်က တီမောလက်စတေးသံတမန်အပေါ် အရေးယူဆောင်ရွက်မှုများသည် ဒေသတွင်း တရားမျှတမှု ဖော်ဆောင်ရေးကို အဟန့်အတားဖြစ်စေကြောင်း သတိပေးထားသည်။

APHR သည် မြန်မာ့အရေးတွင် လူ့အခွင့်အရေးကို ဗဟိုပြုသည့် ဖြေရှင်းချက်များ ပေါ်ထွက်လာစေရန် အစဉ်တစိုက် တောင်းဆိုနေသည့် ဒေသတွင်း လွှတ်တော်အမတ်များ ကွန်ရက်တစ်ခုဖြစ်သည်။

ကိုးကား APHR Statement

#အာဆီယံ

#APHR_တိုက်တွန်း

#ဖိလစ်ပိုင်

#လူ့အခွင့်အရေး

#အာဆီယံအမတ်များအဖွဲ့

#PSM_News

By Htet Ko