PSM(NEWS) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် က မြန်မာနိုင်ငံနှင့် အာဆီယံ အကြား ဆက်ဆံရေး ပြန်လည်တိုးတက်စေရန် ထိုင်းနိုင်ငံအနေဖြင့် ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် ဆောင်ရွက်လိုကြောင်း ပြောကြားလိုက်သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအလားအလာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ အပြန်အလှန် ဆက်သွယ်မှုများ ဆက်လက်ရှိနေစေရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ထားကြောင်း ထိုင်းဘက်မှ ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံကို အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် နိုင်ငံရေးအဆင့်မြင့်ကိုယ်စားလှယ်များ မဖိတ်ကြားတော့ဘဲ ကန့်သတ်ထားသည်။ အာဆီယံက ထုတ်ပြန်ထားသည့် ဘုံဘောတူညီချက် ၅ ရပ် အချက်များ အကောင်အထည်ဖော်ရေးနှင့် အကြမ်းဖက်မှု ရပ်စဲရေးကို တောင်းဆိုလျက်ရှိသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်အရှည် ၂,၄၀၀ ကီလိုမီတာကျော် ချိတ်ဆက်ထားသည့်အတွက် နယ်စပ်လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စများနှင့် စီးပွားရေးလှုပ်ရှားမှုများတွင် တိုက်ရိုက် သက်ရောက်မှုရှိနေသည်။ ထို့ကြောင့် မြန်မာနှင့် ဒေသတွင်း တည်ငြိမ်ရေးဆိုင်ရာ ဆက်သွယ်မှုများ ထိန်းသိမ်းထားရေးကို အရေးပါသော မူဝါဒရေးရာကဏ္ဍအဖြစ် ထားရှိကြောင်း သိရသည်။ ကိုးကား – ရိုက်တာ #ထိုင်းနိုင်ငံခြားရေးဝန်ကြီး #အာဆီယံ #ဆက်သွယ်ရေးလမ်းကြောင်း #မူဝါဒရေးရာကဏ္ဍ #PSM_News Post navigation ဗိုလ်နဂါးက မိသားစုဝင်များနှင့် ၎င်း၏နောက်လိုက်အချို့ကိုခေါ်ယူ၍ စစ်ကော်မရှင်နှင့်ပူးပေါင်း ရာဇဝတ်ပြစ်မှုအများအပြား ကျူးလွန်ခဲ့သည့် ဗိုလ်နဂါး စစ်တပ်နှင့် ပူးပေါင်းသွားသော်လည်း BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့် PDF ထံ လက်နက်အပ်နှံ၍ ဆက်လက်ပူးပေါင်း