PSM (News) ဇူလိုင် ၁၇၊ ၂၀၂၆ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒုက္ခသည်များလိုက်ပါလာသော စက်လှေနှစ်စင်းသည် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့ရဖွယ်ရှိပြီး လူပေါင်း ၅၀၀ ကျော် အသက်ဆုံးရှုံးရနိုင်ကြောင်း ကုလသမဂ္ဂအေဂျင်စီများက ကြာသပတေးနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာအဖွဲ့ (IOM) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့၏ ပူးတွဲထုတ်ပြန်ချက်အရ အဆိုပါစက်လှေနှစ်စင်းသည် ဇွန်လနှောင်းပိုင်းတွင် ရခိုင်ပြည်နယ်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ခရီးသည်အများစုမှာ ရိုဟင်ဂျာလူမျိုးစုများဖြစ်ကြသည်။ ၎င်းတို့အထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ လာရောက်သူအချို့လည်း ပါဝင်ကြောင်း ကနဦးသတင်းများအရ သိရသည်။ ပထမဆုံးစက်လှေသည် လူပေါင်း ၂၅၀ ခန့်တင်ဆောင်လာပြီး ခရီးစဉ်စတင်ပြီးနောက်ပိုင်းတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ ဒုတိယစက်လှေမှာမူ လူပေါင်း ၂၈၀ ခန့်တင်ဆောင်လာပြီး ဇူလိုင်လ ၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကမ်းလွန်ပင်လယ်ပြင်၌ တိမ်းမှောက်ခဲ့ရသည်ဟု ယူဆရကြောင်း အေဂျင်စီများက ဆိုသည်။ “ဒီခရီးစဉ်တွေဟာ ပုံမှန်ရေကြောင်းသွားလာချိန် မဟုတ်တဲ့အတွက် ရာသီဥတုအခြေအနေ ပိုမိုဆိုးရွားပြီး အန္တရာယ်များနေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိအချိန်ထိ အဆိုပါဖြစ်စဉ်များနှင့် ထိခိုက်သေဆုံးမှုအရေအတွက်ကို တရားဝင်အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း လူ့အသက်ပေါင်းများစွာ ဆုံးရှုံးသွားဖွယ်ရှိသည့်အတွက် အလွန်အမင်းစိုးရိမ်မိကြောင်း IOM နှင့် UNHCR က ပြောကြားခဲ့သည်။ ယခုနှစ်အတွင်း အန်ဒမန်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ရိုဟင်ဂျာဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ အပါအဝင် လူပေါင်း ၃၀၀ ခန့် ပျောက်ဆုံးနေကြောင်း သို့မဟုတ် သေဆုံးနေကြောင်း သတင်းရရှိထားသည်။ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းမှာပင် လူပေါင်း ၉၀၀ နီးပါး ပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့ရသည့်အတွက် ဤရေကြောင်းလမ်းသည် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသွားလာသူများအတွက် ကမ္ဘာ့အန္တရာယ်အများဆုံးလမ်းကြောင်း ဖြစ်လာနေသည်။ ကိုးကား-Bangkok Post Post navigation စစ်အုပ်စုနှင့် ဆွေးနွေးခြင်းမဟုတ်ဘဲ အာဆီယံနှင့်သာ သီးသန့်တွေ့ဆုံခြင်းဖြစ်ဟု SCEF ထုတ်ပြန်၊ လေ ကြောင်း တိုက်ခိုက်မှုရပ်ဆိုင်းရေးအပါအဝင် အချက် ၅ ချက် လက်တွေ့ပြသရန် တောင်းဆို နောင်ချိုနှင့် စဉ့်ကူးမြို့တို့ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိ ငလျင်များ ဆက်တိုက်လှုပ်ခတ်၊ စစ်ကိုင်း ပြတ်ရွေ့ကြောပေါ်ရှိ မန္တလေးနှင့် ပြင်ဦးလွင်အပါအဝင် မြို့အများအပြား သိသိသာသာ ခံစားရ