PSM (NEWS)

မေ ၁၇၊ ၂၀၂၆

အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများ အာမခံမရသည့် ပြဿနာဖြစ်ပွားနေပြီး၊ အီရတ်၏ ဧပြီလ ရေနံတင်ပို့မှုမှာ စည် ၁၀သန်းအထိကျဆင်းသွားခဲ့သည်။ စစ်ပွဲမတိုင်မီက တစ်လလျှင် စည်၉၃သန်းခန့်တင်ပို့ခဲ့သည်။

လက်ရှိတွင် တူရကီ ဂျေဟန် ဆိပ်ကမ်းမှတစ်ဆင့် တစ်ရက်လျှင် ရေနံစည် ၂၀၀,၀၀၀ တင်ပို့နေပြီး၊ ယင်းကို စည် ၅၀၀,၀၀၀ အထိ တိုးမြှင့်ရန် စီစဉ်နေသည်။

အီရတ် ရေနံဝန်ကြီးသစ် ဘာဆင် မိုဟာမက်ကနိုင်ငံဝင်ငွေတိုးရန်အတွက်အမေရိကန်ရေနံကုမ္ပဏီကြီးများဖြစ်သောChevron၊၊ExxonMobilနှင့်Halliburtonတို့ကိုစာချုပ်အမြန်ချုပ်ရန်တိုက်တွန်းထားပြီး၊ တစ်ရက်လျှင်စည်၅သန်းအထိထုတ်လုပ်ခွင့်ရရေးအတွက် ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့(OPEC)နှင့် ညှိနှိုင်းနေသည်။

ယင်းအပြင်အာရပ်စော်ဘွားများပြည်ထောင်စု(UAE)ကဲ့သို့OPECမှနုတ်ထွက်ရန်အစီအစဉ်မရှိကြောင်း အတည်ပြုထားသည်။

ကိုးကား-Reuters

By Htet Ko

You missed