PSM (NEWS)

မေ ၁၇၊ ၂၀၂၆

အစ္စလာမစ်နိုင်ငံတော် (IS) အဖွဲ့၏ ဒုတိယအဆင့်အမြင့်ဆုံး အမိန့်ပေးစေခိုင်းသူ အဘူ-ဘီလယ်လ် အယ်လ်-မီနူကီ ကို နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းရှိ ၎င်း၏အခြေစိုက်စခန်း၌ အမေရိကန်နှင့်နိုင်ဂျီးရီးယားပူးပေါင်းတပ်ဖွဲ့များက စနေနေ့တွင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်င့် နိုင်ဂျီးရီးယားသမ္မတ ဘိုလာ အာမက် တီနူဘူး တို့က ယခုစစ်ဆင်ရေးကိုအတည်ပြုခဲ့ပြီး၊သတင်းမြစ်များ၏တိကျသောထောက်လှမ်းမှုဖြင့် ဝေဟင်-မြေပြင် ညှိနှိုင်းဆောင်ရွက်ခဲ့သည့် အလွန်အောင်မြင်သောအကြမ်းဖက်မှုတိုက်ဖျက်ရေးမစ်ရှင်တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ဂျီးရီးယား ဘော်နိုပြည်နယ် ၌ အမေရိကန်အာဖရိကစစ်ဌာနချုပ် (AFRICOM) နှင့် ပူးပေါင်းကာ ၄ နာရီကြာလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ မိမိတို့ဘက်မှ ထိခိုက်မှုမရှိဘဲ ၎င်း၏လက်ထောက်များကိုပါ အပြတ်ရှင်းလင်းနိုင်ခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ဘိုင်ဒင်အစိုးရက ၎င်းအား ကမ္ဘာ့အန္တရာယ်အရှိဆုံး အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *