PSM(NEWS) ဇွန် ၁၆၊ ၂၀၂၆ အမေရိကန်နိုင်ငံ၊ဟူစတန်မြို့တွင်တနင်္ဂနွေနေ့ကကျင်းပသည့်ကမ္ဘာ့ဖလားပွဲစဉ်၌ဂျာမနီအသင်းသည်ကမ္ဘာ့ဖလားပြိုင်ပွဲသို့ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သည့် ကူရာဆာအသင်းကို ၇-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုကဲ့သို့ အနိုင်ရရှိမှုသည် လေးကြိမ်တိုင်တိုင် ချန်ပီယံဖြစ်ခဲ့ဖူးသော ဂျာမနီအသင်းအတွက် ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ နှစ်ကြိမ်ဆက်တိုက် ထွက်ခွာခဲ့ရသည့် စိတ်ပျက်စရာမှတ်တမ်းများကို ပြန်လည်မေ့ပျောက်စေပြီး အသင်း၏ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ခဲ့သည်။ ဂျာမနီအတွက် ကိုင်ဟာဗက်ဇ်က နှစ်ဂိုးသွင်းယူပေးခဲ့သည်။ ကမ္ဘာ့ဖလားသမိုင်းတွင် အငယ်ဆုံးနိုင်ငံဖြစ်သည့် ကူရာဆာအသင်းသည် ပွဲချိန် ၃၈ မိနစ်အထိ ဂျာမနီအသင်းနှင့် တစ်ဂိုးစီ သရေကျအောင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့သည်။ ပွဲချိန် ၂၁ မိနစ်တွင် ကူရာဆာအသင်းအတွက် လီဗာနို ကိုမန်နန်စီယာက ပွဲစဉ်တစ်လျှောက် ပထမဆုံးသော သမိုင်းဝင်ဂိုးကို သွင်းယူပေးခဲ့ရာ ကူရာဆာပရိသတ်များမှာ အထူးပင် ရွှင်မြူးခဲ့ကြသည်။ ဂျာမနီအသင်းနည်းပြ ဂျူလီယန် နာဂယ်စ်မန်းက “ကျွန်တော်တို့ ဒီလိုမျိုး ခံစားချက်ကောင်းစေမယ့် အနိုင်ရလဒ်မျိုး လိုအပ်နေတာပါ။ အသင်းရဲ့ ယုံကြည်မှု တိုးတက်လာဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ကူရာဆာအသင်း၏ ဂိုးရပြီးနောက်ပိုင်းတွင် ဂျာမနီအသင်းက ပွဲကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး နီကို ရှလော့တာဘတ် က ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူကာ အနိုင်ရရှိစေမည့် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ ကိုးကား-AP Post navigation ဆစ်ဒနီမြို့တွင်ငါးမန်းကိုက်ခံရမှုဖြစ်ပွားပြီးနောက်ကူဂျီကမ်းခြေကိုလုံခြုံရေးတင်းကျပ်ကာပြန်လည်ဖွင့်လှစ် ဗင်နီဇွဲလားနိုင်ငံတွင် ပြင်းထန်သော ငလျင်နှစ်ခုလှုပ်ခတ်ပြီးနောက် လူထောင်ပေါင်းများစွာ သေဆုံးနိုင်ဖွယ်ရှိနေ