PSM(News)

မေ ၁၆၊ ၂၀၂၆

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတစ်နေရာတွင် အာဏာလု စစ်အုပ်စုတပ်နှင့် ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း Earthquake People’s Defense Force က ထုတ်ပြန်ထားသည်။

ညောင်ဦးမြို့နယ်အတွင်းသို့ အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်အုပ်စုစစ်ကြောင်းကို ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့တွင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ၃နာရီကြာ တိုက်ပွဲ ပြင်းထန်ခဲ့ကာ စစ်အုပ်စုဘက်က လေးဦးသေဆုံးပြီး အများအပြားထိခိုက်ခဲ့ကြောင်းသိရသည်။ တိုက်ပွဲအတွင်း စစ်အုပ်စုထံမှ ကျည်ဆန်အချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို ပခုက္ကူခရိုင် Local တပ်ရင်း (PDLB)၊ 21Bagan- People Defense Force၊ Good Brothers၊ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့-DYT၊ Bagan Garuda Force နှင့် Earthquake People’s Defense Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသော စစ်ရေး၊ နိုင်ငံရေးအခြေအနေများကြောင့် ပြည်သူများအနေဖြင့် သွားလာ လှုပ်ရှားရာတွင် စစ်ရေးသတိ အထူးမြှင့်တင်ထားကြရန်လည်း ပူးပေါင်းတပ်ဖွဲ့များက မေတ္တာရပ်ခံ ထားသည်။

ဓာတ်ပုံ-Earthquake People’s Defense Force

By Htet Ko

You missed