PSM (News)

ဇူလိုင် ၁၅၊ ၂၀၂၆

တရုတ်နိုင်ငံသည် တရုတ်-ဥရောပသမဂ္ဂ (EU) ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ထိခိုက်မှုမရှိစေရန်အတွက် ဥရောပဘက်မှ တောင်တရုတ်ပင်လယ်ကိစ္စရပ်နှင့်ပတ်သက်၍ ပြောဆိုပြုမူမှုများတွင် သတိထားရန်နှင့် “တရားမဝင်သော စီရင်ချက်” ကို ထောက်ခံခြင်းမှ ရပ်တန့်ရန် အင်္ဂါနေ့တွင် တောင်းဆိုလိုက်သည်။

“ဥရောပသည် တောင်တရုတ်ပင်လယ် အရေးအခင်းတွင် ပါဝင်ပတ်သက်သူ မဟုတ်သည့်အတွက် တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံ၏ တရားဝင် နယ်မြေပိုင်နက်နှင့် ရေကြောင်းဆိုင်ရာ အခွင့်အရေး၊ အကျိုးစီးပွားများနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုပိုင်ခွင့် မရှိပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်း က နေ့စဉ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါမှတ်ချက်စကားများသည် တနင်္ဂနွေနေ့က ဥရောပနိုင်ငံအချို့အပါအဝင် နိုင်ငံအချို့က တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော ရေကြောင်းပိုင်နက် တောင်းဆိုမှုများသည် ဥပဒေအရ အခြေအမြစ်မရှိကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် EU မှလည်း အလားတူ သဘောထားမှတ်ချက် ပေးခဲ့သည့်အပေါ် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံသည် တရုတ်နိုင်ငံရှိ သက်ဆိုင်ရာနိုင်ငံများ၏ သံရုံးများနှင့် EU ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများကို ဆင့်ခေါ်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဖော်ပြခဲ့သည်ဟု လင်းကျန်းက ပြောကြားခဲ့သည်။

ကိုးကား-Reuters

By Htet Ko