PSM (News) ဇူလိုင် ၁၅၊၂၀၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တေးဂီတဖျော်ဖြေသည့် ဘားတစ်ခုတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ဇူလိုင် ၁၄ ရက်၊ အင်္ဂါနေ့တွင် ၃၀ အထိ မြင့်တက်လာကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။ ဘန်ကောက်မြို့တော်ဝန်က ချတ်ချတ် စစ်သီပွန်က မြို့တွင်းရှိ အလားတူလုပ်ငန်းများကို စနစ်တကျ စစ်ဆေးမှုများ ပိုမိုပြုလုပ်သွားမည်ဖြစ်ပြီး ဘေးကင်းလုံခြုံရေးဆိုင်ရာ ဥပဒေများကို ပိုမိုတင်းကျပ်စွာ အရေးယူသွားမည်ဟု ကတိပြုခဲ့သည်။ ပြီးခဲ့သည့် တနင်္ဂနွေညက ဖြစ်ပွားခဲ့သော အဆိုပါမီးလောင်မှုတွင် လူ ၇၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၄ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်များအရ လေအေးပေးစက်မှတစ်ဆင့် လျှပ်စစ်ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း၊ ထို့အပြင် အရေးပေါ်ထွက်ပေါက်များ ပိတ်ဆို့နေခြင်းနှင့် မီးလောင်လွယ်သည့် ပစ္စည်းများ အသုံးပြုထားခြင်းရှိမရှိကိုလည်း အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိသည်။ သေဆုံးသူအများစုမှာ မီးခိုးမွန်းကျပ်ပြီး အိမ်သာများအတွင်း ပိတ်မိနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဘားသည် စားသောက်ဆိုင်အဖြစ်သာ လိုင်စင်ရထားပြီး ဖျော်ဖြေရေးလုပ်ငန်းအဖြစ် တရားဝင်ခွင့်ပြုချက် ရှိမရှိကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်လျက်ရှိသည်။ ကိုးကား- CNA Post navigation တရုတ်-အီးယူ ဆက်ဆံရေး ထိခိုက်မှုမရှိစေရန် တောင်တရုတ်ပင်လယ်ဆိုင်ရာ ‘တရားမဝင်စီရင်ချက်’ ကို ထောက်ခံခြင်းရပ်တန့်ရန် ဥရောပကို တရုတ်တိုက်တွန်း စပိန်အသင်း ပြင်သစ်ကို အနိုင်ယူပြီးကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ တက်ရောက်