PSM(NEWS)

ဧပြီ ၁၄၊ ၂၀၂၆

အမေရိကန်-အီရန် စစ်ပွဲနှင့် ပတ်သက်၍ ၎င်း၏ မှတ်ချက်များအပေါ် သမ္မတ ဒေါ်နယ်ထရမ့်၏ ဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ရန် မရှိကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားလိုက်သည်။

ကက်သလစ်အသင်းတော်၏ အကြီးအကဲအဖြစ် အာဖရိကတိုက်သို့ ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် အယ်လ်ဂျီးရီးယားနိုင်ငံသို့ သွားရောက်စဉ် လေယာဉ်ပေါ်၌ လိုက်ပါလာသည့် သတင်းထောက်များ၏ မေးမြန်းမှုကို ရဟန်းမင်းကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“စစ်ပွဲကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အသင်းတော်အနေနဲ့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုဖို့ ကျင့်ဝတ်ဆိုင်ရာ တာဝန်ရှိတယ်လို့ ကျွန်ုပ်ယုံကြည်ပါတယ်” ဟု ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

ကိုးကား AFP

By Htet Ko