PSM(News) မေ ၁၁ ၊ ၂၀၂၆ ကော့သောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲသူများအား ဖမ်းဆီးရမိပြီး လက်နက်နှင့် ဆက်စပ် ပစ္စည်းအချို့သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကော့သောင်းမြို့နယ်က ထုတ်ပြန်သည်။ ပြီးခဲ့သည့် မေ ၁၀ ရက်နေ့တွင် ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီတိုင်း (ပကဖ) တိုက်ခိုက်ရေးတပ်ရင်းမှ ထုတ်နုတ်အဖွဲ့တို့ပူးပေါင်း၍ ကော့သောင်းမြို့အတွင်း နယ်မြေ ရှင်းလင်းရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်စဉ် တရားခံ သုံးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲနေပြီး အာဏာသိမ်းစစ်အုပ်စု၏ သတင်းပေးသူလျှို ဒေါက်တိုင်အဖြစ် လုပ်ကိုင်နေကြောင်း သတင်းရရှိ၍ တရားခံများ၏ နေအိမ်သို့ ရှောင်တခင် ဝင်ရောက် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရားခံများနှင့်အတူ WYမူးယစ်ဆေးဝါးများ၊ ဖုန်း သုံးလုံး၊ 380.v ပစ္စတိုတစ်လက်နှင့် ၎င်းကျည် ၅၈ တောင့်၊ မူးယစ်းဆေးဝါးရောင်းရငွေဖြစ်သော ထိုင်းဘတ်ငွေအချို့နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် ပါဝင်သော ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ရာ မူးယစ်ဆေးဝါး ရောင်း ဝယ်သုံးစွဲကြောင်းဝန်ခံထွက်ဆိုခဲ့သည်။ ထို့နောက် ၎င်းတို့၏လက်ကိုင်ဖုန်းများကိုဆက်လက်စစ်ဆေးရာ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွယ်ပြီး သတင်း ပေးပို့ပြောဆိုထားသည်များကို စစ်ဆေးတွေ့ရှိသဖြင့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်း များကို မီးရှို့ဖျက်ဆီးပြီး တရားခံများနှင့်လက်နက်ခဲယမ်းများအား ဥပဒေအတိုင်း လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်လျှက်ရှိရာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေသည်များကို သိမြင်တွေ့ရှိပါက ဆက်လက်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်အသိပေးထားသည်။ ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးအဖွဲ့ကော့သောင်းမြို့နယ် Post navigation MSRF တပ်မှူးများအစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ် စစ်ရေး ရည်မှန်း ချက်များချမှတ် ဆိပ်ဖြူ ကပစ-၂၂ မှ ထွက်လာသော စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်မှ ၇ ဦးသေဆုံးကာ ၃၀ ကျော် ဒဏ်ရာရ